Thursday, November 22, 2007

**Chatting ချစ်သူ

*Chat ဆိုတာကိုဘာမှမသိ..နားမလည်တဲ့ကျွန်တော်အတွက်ကအထူးဆန်းလေးတခုပေါ့…
*သူငယ်ချင်းတွေနဲ့လက်ဘက်ရည်ဆိုင်ထိုင်တိုင်းသူတို့ပြောနေတဲ့ chat ထဲကအကြောင်းတွေ
*နေ့စဉ်နားထောင်ရင်းကွန်ပျူတာသုံးတတ်ပြီး chatting မတက်တတ်တဲ့ ကျွန်တော့် စိတ်ဝင်စား
*လာမိတယ်..chatting မတက်တဲ့ကျွန်တော့်ကို သူငယ်ချင်းတွေက တိုးတက်နေတဲ့ခေတ်ကြီးမှာ
* chat ဆိုတာ ဘာမှန်းမသိတဲ့ ကျွန်တော့်ကိုငနုံ..ငအ…ငဒူတဲ့လေ..၀ိုင်းလှောင်သရော် နေကြ
* တယ် ..ကျွန်တော်လည်းမခံချင်စိတ်နဲ့ chatting ကိုနားလည်အောင်ကြိုးစားပြီးသူငယ်ချင်း တွေ
* ကို ဆရာတင်လိုက်ရပါတယ်..ကျွန်တော် skype chat ကိုစတင်Chat ဖြစ်ပါတယ်..
* ပထမဦးဆုံးစပြီး chat တော့ skype chat မှာနာမည်တွေစရှာကြည့်တယ်.. ရှာရင်းရှာရင်း
*နဲ့နာမည်လေးတခုကိုကျွန်တော်အမှတ်မထင်စိတ်ဝင်စားသွားတယ်..သူနာမည်ကမြင့်မြတ်သူတဲ့..
* နာမည်လေးကကျွန်တော့်စိတ်ကိုအေးချမ်းသွားစေတယ်ဗျာ… ကျွန်တော်လည်းသူမ
*ကိုကျွန်တော့်နာမည်လေးအပ်လိုက်တာပေါ့..နောက်၂ရက်လောက်အကြာမှာသူမကကျွန်တော်ကို
*chatပါတော့တယ်..အဲ့ဒီနေ့လေးကကျွန်တော့်အတွက် အပျော်ဆုံးနေ့လေးတနေ့ပေါ့…
*ကျွန်တော်အရမ်းပျော်တယ်..ဘယ်လိုပျော်မှန်းကိုမသိဘူး..သူမကတော့ဘယ်လိုခံစားရမည်
*ဆိုတာကျွန်တော်မသိခဲပေမဲ့ကျွန်တော့်ရင်ထဲမှာခံစားချက်လေးတခုရှိမိတာကိုကျွန်တော့်ကိုယ်
*ကျွန်တော်သတိထားမိတယ်..ကျွန်တော့်ရင်ထဲကိုတိတ်တိတ်လေးခိုးဝင်လာတဲ့ကောင်မလေး တယောက်ပေါ့..
*chat မတက်တတ်တဲ့ကျွန်တော်..ကောင်မလေးတွေနဲ့ စကားမပြောတတ်တဲ့ ကျွန်တော်..သူမနဲ့တွေ့ မှ
*စကားတွေ ဖောင်ဖွဲ့တတ်လာပြီ..သူမနဲ့တွေ့နေကျ အချိန်လေးတွေ
* စောင့်စားနေရတဲ့ ခံစားချက်လေးကို ကျွန်တော်တမ်းတတတ်လာပြီ.. နေ့စဉ်နဲ့အမျှသူ့ အသံ လေး
*ကိုနားထောင်နေချင်တာ ကျွန်တော့အတွက်ကတော့ရင်ခုန်ဆုံးအချိန်လေတွေပါ အဲ့ဒီ
* အချိန်လေးကိုကျွန်တော်မြတ်နိုးမိနေပြီ..ဒါတွေကိုသူမကတော့မသိနိုင်ပါဘူး..သိအောင်လည်း
*လုပ်မှာမဟုတ်ဘူးဆိုတာကျွန်တော်သိပါတယ်..ဘာလို့လဲဆိုတော့သူ့မှာချစ်သူရှိနေလိုပါ…။
* ဒါပေမဲ့ကျွန်တော်ကတော့သူ့ကိုမြတ်နိုးတွယ်တာမိနေပြီ..သံယောဇဉ်လည်းရှိနေပြီ..ချစ်မိနေ
* ပြီ..တဖက်သက်အချစ်ဆိုတာဒါကိုပြောတာဖြစ်မှာပေါ့နော်..ကျွန်တော့်သူ့ကိုတကယ်အရမ်း
* ချစ်မိနေပြီဆိုတာ..သူငယ်ချင်းတွေ့ရှေ့မှာကျွန်တောရဲရဲဝံ၀ံဝန်ခံမိပါသည်…။
* နေမင်း..မင်းကလည်းကွာ..ယောက်ျားမဟုတ်တဲ့အတိုင်းပဲ..မင်းတို့တွေခင်လာတာ
* ဒီလောက်ကြာပြီ..သံယောဇဉ်လည်းအရမ်းရှိနေကြပြီ..မင်းကဘာလို့မပြောရဲတာလည်းကွ..
* ယောက်ျားပဲ..ချစ်ရင်ချစ်တယ်ပြတ်ပြတ်သားသားပြောပြလိုက်ပေါ့ကွ..
* အေးလေကွာ..မင်းကလည်း..ကိုချစ်တဲ့သူကို..ကိုကချစ်တယ်မပြောရဲရအောင်မင်းက..
* ကျားမဟုတ်ဘူးလားကွ..ဟုတ်တယ်..ဇော်ကြီးပြောတာမှန်တယ်..ငါတို့လည်းထောက်ခံတယ်..
* မင်းက ချစ်ရင်ချစ်တယ် ပြောရဲရမှာပေါ့ကွ..
* သူငယ်ချင်းတွေတယောက်ပြီးတယောက်ဝိုင်းပြောလိုက်..အားပေးလိုက်နဲ့..ကျွန်တော့်ရဲ့စိတ်
* တွေအရမ်းလှုပ်ရှားလာတယ်..ကျွန်တော်ဘာဆက်လုပ်ရမလဲ… သူမကိုကျွန်တော်ချစ်တယ်
* လို့ပြောလိုက်ရမှာလား..သူမကရောကျွန်တော့်ကိုလက်ခံနိုင်မှာလား..သူ့မှာချစ်သူရှိနေတာကို
* သိသိကြီးနဲ့ပြောတဲ့ကျွန်တော့်ကိုစိတ်ဆိုးပြီးကျွန်တော့်ကို block လုပ်လိုက်မှာလား..ကျွန်တော်
* တွေးရင်းတွေးရင်းနဲ့..ရင်တွေလေးလာပြီး..ကောင်မလေးရေ..မင်းကိုငါအရမ်းချစ်တယ်လို့အော်
* ပြောပြလိုက်ချင်တယ်..
* မြင့်မြတ်…ကျွန်တော်သူ့ကိုတိုးတိုးလေးခေါ်နေမိတယ်..မင်းကြောင့်ငါ့ရင်တွေဗျောင်းဆန်နေပြီ..
* ငါရူးချင်နေပြီကောင်မလေးရယ်..ငါဘယ်လိုပြောရမလဲ..မင်းနဲ့ငါနဲ့ကြားကခင်မင်မှုကိုအခွင့်ရေး
* ယူတတ်တဲ့ယောက်ျားတယောက်လို့ ငါအပြောခံရမှာလား..ဒါမဟုတ်မင်းငါ့ကိုမုန်းသွားမလား..
* ကောင်မလေးရေ… ငါ့ကိုထွက်ပေါက်တခုပေးပါလားလို့..စိတ်ထဲမှာတောင်းဆိုနေမိတယ်…
* နောက်ရက်တွေမှာသူငယ်ချင်းတွေနဲ့လက်ဘက်ရည်ဆိုင်ထိုင်ဖြစ်တော့..ကျွန်တော်လည်း
* သူငယ်ချင်းတွေကိုဖွင့်ပြောလိုက်တယ်..ငါသူ့ကိုချစ်တယ်လို့ပြောလိုက်တော့မယ်ကွာ…
* ဟေး…ဒါမှငါတို့သူငယ်ချင်းနေမင်းကွ..သူငယ်ချင်းတွေဝိုင်းပြီးအားပေးလိုက်တော့..ကျွန်တော့်
* စိတ်တွေအားအင်တွေအပြည့်နဲ့မြင့်မြတ်နဲ့ကျွန်တော်နဲ့တွေမဲ့အချိန်လေးကိုကျွန်တော်ရင်ခုန်စွာနဲ့
* စောင့်မျှော်နေမိသည်…။
* မြင့်မြတ်ကိုကျွန်တော်ချစ်မိနေပြီ..ကျွန်တော်မခံစားနိုင်တော့ဘူးမြင့်မြတ်ရယ်..ကျွန်တော်
* မွန်းကျပ်နေတဲ့နှလုံးသားတခုကိုထွက်ပေါက်အဖြစ်ရင်ဖွင့်ခွင့်ပေးပါနော်..မြင့်မြတ်ကိုကျွန်တော်
* မြတ်မြတ်နိုးနိုးချစ်နေမိပြီ..။နေမင်းရယ်..နေမင်းအချစ်ကိုမြင့်မြတ်အသိမှတ်ပြုပါတယ်..လေး
* စားပါတယ်..တန်ဘိုးလည်းထားပါတယ်..ဒီကမ်ပါးပေါ်မှာမြင့်မြတ်ကိုနားလည်ဆုံး..အကြင်နာဆုံး
* တန်ဘိုးထားဆုံးလူတယောက်ကိုပြောပြပါဆိုရင်နေမင်းတယောက်ပဲရှိပါတယ်နေမင်းရယ်..
* ဒါပေမဲ့မြင့်မြတ်မှာလူကြီးချင်းစေ့စပ်ထားတဲ့သူရှိနေပြီ..မြင့်မြတ်ဘာဆက်လုပ်ရမှာလဲနေမင်း..
*အစောကြီးထဲကမြင့်မြတ်နဲ့နေမင်းသိခဲ့မည်ဆိုရင်မြင့်မြတ်လည်းအခုလိုခံစားစရာမလိုဘူးလေ..
*နေမင်းကိုမြင့်မြတ်ချစ်မိခဲ့ပါတယ်..နေမင်းကိုမြင့်မြတ်ဖြူစင်ရိုးသားစွာနဲ့ချစ်မိခဲ့တာပါနေမင်းရယ်.
*အခုတော့မြင့်မြတ်ကအချစ်ကိုအတွေ့နောက်ကျခဲ့တာပါ..မြင့်မြတ်ကိုမေ့လိုက်ပါတော့နော်..။
* နေမင်းရင်ထဲမှာ နေဆယ်စင်းမက ပူလောင်နေသည်..နေမင်းချစ်တဲ့ မြင့်မြတ်ကနေမင်းကိုချစ်
* တယ်တဲ့လား..နေမင်းကိုချစ်ပေမဲ့မိဘဂုဏ်သိက္ခာမြင့်မြတ်ရဲ့ဂုဏ်သိကကိုစောင့်ထိန်းတဲ့အနေနဲ့
* နေမင်းကိုစွန့်လွှတ်ပြီး မိဘတွေသဘောတူစေ့စပ်ထားတဲ့သူကိုလက်ထပ်တော့မည်တဲ့လား..
* နေမင်းကို chatting မှာသိchatting ချစ်ပြီး chatting ထဲမှာပဲထားသွားခဲ့ပြီလားမြင့်မြတ်ရယ်…။
* နေမင်းနားလည်ပါတယ်..နေမင်းနားလည်မှုများစွာနဲ့ ပေးဆပ်ခြင်းဖြင့် ထာဝရချစ်နေ မှာပါ
* မြင့်မြတ်ရယ်..Chattingချစ်သူလေးမြင့်မြတ်ကိုနေမင်းနှုတ်မဆက်တော့ပါဘူး..နေမင်းရင်ထဲက
* chattingချစ်သူလေးကိုထာဝရချစ်ခြင်းများစွာဖြင့်..အစဉ်အမြဲလွမ်းဆွေးမှုများနဲ့..သတိရတမ်းတ
* နေမည်ဆိုတာ..chatting ချစ်သူလေးသိနိုင်ပါစေ……………။

2 comments:

MOEKO KO said...

nay min ka ako a tine par pal larrrr arrr thu lo bal phit ya ohn mar lar ?
good tal byar
than yaw zin pop lay

Anonymous said...

လာဖတ်သွားပါတယ်... ကောင်းပါတယ်...