Tuesday, November 6, 2007

မောင်အပေါ်ထားတဲ့ကျွန်မသစ္စာ

မောင်အပေါ်ထားတဲ့ကျွန်မသစ္စာ

အကျဉ်းတန်လို့အထီကျန်ရတာလားမောင်
မောင်နဘေးကကာလာရောင်စုံချယ်မှုန်း

တီတီတာတာဖွဲ့နွဲ့ပြောတတ်တဲ့
ကောင်မလေးတွေလိုကျွန်မ မဖွဲ့နွဲ့တတ်ဘူးမောင်

မိန်းမတစ်ယောက်ရဲ့ရူပါဟာ
မောင့်ဘ၀အတွက်အရေးကြီးဆုံးပဲဆိုရင်
အဲ့ဒီအချစ်စစ်ပွဲမှာကျွန်မကျဆုံးခဲ့တယ်မောင်
ကျွန်မရူပါထက်ကျွှန်မ မနောက
အရာရာထက်ဖြုစင်သန့်ရှင်းပါတယ်မောင်
ကျွန်မမောင့်ကိုဖြူစင်သန့်ရှင်းတဲ့အချစ်
မြင့်မြတ်တဲ့နှလုံးသားနဲ့သစ္စာရှိစွာချစ်ခဲ့တာပါမောင်

တစ်နေ့ကျွန်မကိုအသိမှတ်ပြုရင်
မောင်ရင်ခွင်ကိုငုံကြည့်လိုက်ပါ
မောင်ရင်ခွင်နန်းတော်မှာသစ္စာရှိသက်တော်စောင့်အဖြစ်
အမှုထမ်းနေတယ်ဆိုတဲ့
ကျွန်မကိုတွေ့လိမ့်မယ်မောင် ။ ။

No comments: