Thursday, November 1, 2007

အလွမ်းခြေရာကောက်သူ

အလွမ်းခြေရာကောက်သူ

ချစ်သူ..
မင်းကအလွမ်းတွေကို
ခြေရာတွေအဖြစ်ချန်ကာထားပြီး
ငါနဲ့ဝေးရာကိုကျောခိုင်းထွက်ခွာ
ရက်စက်စွာထားရစ်ခဲ့တယ်...။
လွမ်းနေသူငါကတော့
မင်းချန်ရစ်ခဲ့တဲ့ခြေရာတွေနောက်
တကောက်ကောက်လိုက်လို့
ပြန်ဆုံမည့်အချိန်ကိုစောင့်စားရင်း
မင်းကိုလိုက်လို့ရှာနေဆဲ...
မင်းကခဏတာချစ်ခဲ့ပေမဲ့
ငါကတော့တဘ၀စာ
အကြင်နာတွေ မင်းကိုပေးဆပ်..
အချစ်တွေမရပ်တန့်ခဲ့လို့
အခုထိတမ်းတနေဆဲ....
မင်းပြောဘူးတဲ့သိပ်ချစ်တယ်ဆိုတဲ့စကား
ငါအမြတ်တနိုးသိမ်းဆည်းထားမိလို့
ငါ့ရင်ထဲကစစ်မှန်တဲ့အချစ်
ဘာကြောင့်ပဲပြိုပျက်ပျက်
ငါ့ရင်ထဲမှာတော့မင်းကို
ယနေ့ထိတိုင်တမ်းတမျှော်လင့်နေဆဲပါ.......။

No comments: