Thursday, November 1, 2007

ချစ်သူတို့တမ်းတခြင်း

* ချစ်သူ....
* အိပ်မပျော်တဲ့ညတွေမှာ
* မိုးကောင်ကင်ကိုမော်ကြည့်
* ဖိုးလမင်းလေးကိုတွေ့တော့
* မင်းကိုငါအရမ်းသတိရတယ်........။
* ချစ်သူ.....မင်းလည်းငါ့လိုပဲလား..
* အိပ်မရတဲညတွေမှာ
* လမင်းလေးကိုငေးမျှော်
* ငါကိုလွမ်းနေမလား........။
* ချစ်သူ...
* ကံကြမ္မာကငြိုငြင်လို့
* သိပ်ချစ်တဲ့တို့ နှစ်ယောက်
* တစ်ယောက်တစ်နိုင်ငံဆီဝေးကွာ
* ပြန်ဆုံမည်လို့ မျှော်လင့်မထားရဲပေမယ့်
* တို့ ရင်ထဲမှာမျှော်လင့်နေမိ..
* လူချင်းဘယ်လောက်ဝေးဝေး
* နှလုံးသားချင်းတော့နီးပါစေ...............။

No comments: