Wednesday, November 14, 2007

ဆိုင်သူကိုယ်ဆီ

* * မမျှော်လင့်ပဲသိကျွမ်း
* * ရင်းနှီးခင်မင်မှုက
* * သံယောဇဉ်ငြိတွယ်
* * တို့နှစ်ယောက်ချစ်ခဲ့ကြတယ်..။
* * သို့သော်လည်း..
* * တို့နှစ်ယောက်စလုံးရဲ့နဘေး
* * ဆိုင်သူကိုယ်ဆီရှိပြီမို့ ....
* * အပြစ်မရှိသူနှစ်ဦးရဲ့နှလုံးသားကိုငဲ့ညှာ
* * သစ္စာတရားကိုရင်ဝယ်ပိုက်ပြီး
* * သိပ်ချစ်တဲ့တို့နှစ်ယောက်၇ဲ့နှလုံးသားကိုစတေး
* * ရင်ခွင်တနေရာမှာမြှုတ်နှံသဂြိုလ်ပြစ်လိုက်ပြီ
* * နှောင်ဘ၀ဆိုတာရှိရင်ဆုတောင်းနေမိ..
* * သိပ်ချစ်တဲ့တို့နှစ်ယောက်ပေါင်းဆည်းခွင့်ရပါစေ.........။

Tuesday, November 6, 2007

မျက်ရည်ကြွေတဲ့အလွမ်းနေ့

* ကောင်လေးရေ..
* မင်းရက်စက်စွာကျောခိုင်းသွားတဲ့နေ့
* ငါ့ရင်မှာမိုးမီးလောင်သလို
* ရင်တစ်ခုလုံးပူလောင်ကျွမ်း
* ငါ့အသည်းတွေပြာကျသွားတယ်
* မိုးမင်းကြီးကငါ့အဖြစ်ကိုမကြည့်ရက်
* သူလည်းဝမ်းနည်းစွာနဲ့ငိုကြွေးနေလေရဲ့
* မိုးနဲ့အတူကျဆင်းလာတဲ့ငါ့မျက်ရည်
* ပင်လယ်ပြာကြီးလိုသဘောထား
* ငါ့ရဲ့မျက်ရည်ပင်လယ်ကြီးမှာ
* မင်းကတော့ပျော်ရွှင်စွာလက်ပစ်ကူးခက်နေရောပေါ့ ။ ။

မောင်အပေါ်ထားတဲ့ကျွန်မသစ္စာ

မောင်အပေါ်ထားတဲ့ကျွန်မသစ္စာ

အကျဉ်းတန်လို့အထီကျန်ရတာလားမောင်
မောင်နဘေးကကာလာရောင်စုံချယ်မှုန်း

တီတီတာတာဖွဲ့နွဲ့ပြောတတ်တဲ့
ကောင်မလေးတွေလိုကျွန်မ မဖွဲ့နွဲ့တတ်ဘူးမောင်

မိန်းမတစ်ယောက်ရဲ့ရူပါဟာ
မောင့်ဘ၀အတွက်အရေးကြီးဆုံးပဲဆိုရင်
အဲ့ဒီအချစ်စစ်ပွဲမှာကျွန်မကျဆုံးခဲ့တယ်မောင်
ကျွန်မရူပါထက်ကျွှန်မ မနောက
အရာရာထက်ဖြုစင်သန့်ရှင်းပါတယ်မောင်
ကျွန်မမောင့်ကိုဖြူစင်သန့်ရှင်းတဲ့အချစ်
မြင့်မြတ်တဲ့နှလုံးသားနဲ့သစ္စာရှိစွာချစ်ခဲ့တာပါမောင်

တစ်နေ့ကျွန်မကိုအသိမှတ်ပြုရင်
မောင်ရင်ခွင်ကိုငုံကြည့်လိုက်ပါ
မောင်ရင်ခွင်နန်းတော်မှာသစ္စာရှိသက်တော်စောင့်အဖြစ်
အမှုထမ်းနေတယ်ဆိုတဲ့
ကျွန်မကိုတွေ့လိမ့်မယ်မောင် ။ ။

Thursday, November 1, 2007

အလွမ်းခြေရာကောက်သူ

အလွမ်းခြေရာကောက်သူ

ချစ်သူ..
မင်းကအလွမ်းတွေကို
ခြေရာတွေအဖြစ်ချန်ကာထားပြီး
ငါနဲ့ဝေးရာကိုကျောခိုင်းထွက်ခွာ
ရက်စက်စွာထားရစ်ခဲ့တယ်...။
လွမ်းနေသူငါကတော့
မင်းချန်ရစ်ခဲ့တဲ့ခြေရာတွေနောက်
တကောက်ကောက်လိုက်လို့
ပြန်ဆုံမည့်အချိန်ကိုစောင့်စားရင်း
မင်းကိုလိုက်လို့ရှာနေဆဲ...
မင်းကခဏတာချစ်ခဲ့ပေမဲ့
ငါကတော့တဘ၀စာ
အကြင်နာတွေ မင်းကိုပေးဆပ်..
အချစ်တွေမရပ်တန့်ခဲ့လို့
အခုထိတမ်းတနေဆဲ....
မင်းပြောဘူးတဲ့သိပ်ချစ်တယ်ဆိုတဲ့စကား
ငါအမြတ်တနိုးသိမ်းဆည်းထားမိလို့
ငါ့ရင်ထဲကစစ်မှန်တဲ့အချစ်
ဘာကြောင့်ပဲပြိုပျက်ပျက်
ငါ့ရင်ထဲမှာတော့မင်းကို
ယနေ့ထိတိုင်တမ်းတမျှော်လင့်နေဆဲပါ.......။

ချစ်သူတို့တမ်းတခြင်း

* ချစ်သူ....
* အိပ်မပျော်တဲ့ညတွေမှာ
* မိုးကောင်ကင်ကိုမော်ကြည့်
* ဖိုးလမင်းလေးကိုတွေ့တော့
* မင်းကိုငါအရမ်းသတိရတယ်........။
* ချစ်သူ.....မင်းလည်းငါ့လိုပဲလား..
* အိပ်မရတဲညတွေမှာ
* လမင်းလေးကိုငေးမျှော်
* ငါကိုလွမ်းနေမလား........။
* ချစ်သူ...
* ကံကြမ္မာကငြိုငြင်လို့
* သိပ်ချစ်တဲ့တို့ နှစ်ယောက်
* တစ်ယောက်တစ်နိုင်ငံဆီဝေးကွာ
* ပြန်ဆုံမည်လို့ မျှော်လင့်မထားရဲပေမယ့်
* တို့ ရင်ထဲမှာမျှော်လင့်နေမိ..
* လူချင်းဘယ်လောက်ဝေးဝေး
* နှလုံးသားချင်းတော့နီးပါစေ...............။

မောင့်ကိုလွမ်းတဲ့နေ့ရက်များ

မောင့်ကိုလွမ်းတဲ့နေ့ရက်များ..

လွမ်းတယ်မောင်........
မောင့်ကိုလွမ်းတဲ့နေ့တွေမှာ
မောင့်အသံကိုကြားယောင်ရင်း..
ရင်ခုန်ခဲ့ရတယ်..
.ချစ်တယ်မောင်...........
.မောင်နဲ့ဖုန်းပြောဖြစ်တဲ့နေ့တွေဆို......
ရင်ခုန်နှုန်းကထိန်းချူပ်လို့မရ
မောင်ရီ(ရည်)သံကြားမှာရုပ်တရက်နှလုံးခုန်ရပ်ပြီး..
သေဆုံးပြီလို့တောင်ထင်ရတယ်..
အဲ့ဒီလောက်တောင်ချစ်တယ်မောင်......။
ရက်စက်တယ်မောင်....
မကိုချစ်တယ်ဆိုပြီး..
တစ်ယောက်တည်းထားခဲ့ရက်တယ်....။
ခဏလေးပါပြန်လာမည်ဆိုပြီး
တစ်ကမ်ဘာလောက်ဝေးအောင်ထွက်သွားရက်တယ်..
မောင်နဲ့ပြန်ဆုံမည့်နေ့ရက်တွေကိုလက်ချိုးရေပြီး.
လွမ်းလို့ငိုခဲ့ရတဲ့နေ့တွေဆို...
မ....ရဲ့ခေါင်းအုံးအဖြူလေးသာအသိဆုံးပါမောင်ရယ်........။

ရှင်သန်ခြင်း ...

ရှင်သန်ခြင်း ..

ကြင်နာနိုင်တဲ့မင်းနှလုံးသား
တစ်ခြားသူတစ်ယောက်အတွက်
မင်းအချစ်တွေကိုပေးဆပ်ဖို့ဆိုရင်
်မင်းအတွက်ငါမျက်ရည်မကျချင်ဘူးချစ်သူ..
တစ်ချိန်ကမင်းရဲ့အကြင်နာမျက်ဝန်း
ငါ့ပါးပြင်ပေါ်ပေးခဲ့တဲ့ချိမြိန်သောအနမ်း
အေးမြသောမင်းအပြုံး
ကြင်နာတောမင်းစကား
ဟန်ဆောင်ချင်းတွေဆိုရင်
်ငါမလွမ်းချင်ဘူးချစ်သူ..
.ဒါပေမဲ့ငါတစ်ခုတော့ပြောပါရစေချစ်သူ
ူမင်းရဲ့မာယာနှလုံးသားအောက်ငါကျဆုံးခဲ့ပေမဲ့..
ဒဏ်ရာတွေဗလပွနေတဲ့ငါနှလုံးသားကိုလေ
ငါ့မာနနဲ့ငါပြန်လည်တည်ဆောက်နိုင်တယ်ဆိုတာ
မင်းသိရင်လေ.. ....................