Wednesday, October 31, 2007

သံဇဉ်မဲ့နှလုံးသား

သံဇဉ်မဲ့ နှလုံးသား

မင်းနှခမ်းကဖြူစင်သောအပြုံး
ချိုမြိန်သောအနမ်း..
သီဆိုနေကြသံစဉ်လေး
အရိပ်တစ်ခုလိုပျောက်ကွယ်သွားတယ်..။
မျှော်လင့်ခြင်းကမ်းပါးမှာ
မင်းနှခမ်းလေးနဲ့
ချိုမြိန်သောအနမ်းတွေ
သီဆိုနေကြသံဇဉ်လေး
ငါကတော့စောင့်မျှော်နေဆဲ...
မင်းထားခဲ့တဲ့နေရာမှာ
အလွမ်းတွေရင်ဝယ်ပိုက်ပြီး
တိတ်ဆိတ်ခြင်းတွေနဲ့အတူ
ငါနှလုံးသားကနာကျင်နေဆဲပါချစ်သူ...။
မင်းနဲ့ကြမှထူးထူးခြားခြား
ရူးရူးမိုက်မိုက်ချစ်ခဲ့တဲ့ငါ
အခုတော့ဘာဆိုဘာမှမကျန်တော့ဘူး..
ကျန်ရှိနေတဲ့အရာလေးတစ်ခုကတော့
မင်းပေးခဲ့တဲ့အချစ်တွေနဲ့
ငါနှလုံးသားဒဏ်ရာတွေဗလပွနဲ့
ရှင်သန်ခြင်းနဲ့သက်မဲ့နေခဲ့ပြီ...။

No comments: