Wednesday, October 31, 2007

**ချစ်သူ့ ကဗျာ

* * ချစ်သူ..
* * တချိန်ကမင်းရဲ့ 
* * ချိုနွဲ့နွဲ့ဖွဲ့ပြောဘူးတဲ့
* * စကားလုံးတွေထဲမှာ
* * ငါသာယာခဲ့ဘူးတယ်..
* * ချစ်သူ...
* * မင်းဆိုပြနေကြ
* * ဂီတတေးသွားထဲမှာ
* * ငါနစ်မြောခဲ့ဘူးတယ်
* * ချစ်သူ...
* * ငါ့ပါးပြင်ပေါ်
* * အနမ်းမိုးတွေရွာတော့
* * မင်းရင်ခွင်ထဲမှာ
* * ငါမိန်းမောဘူးတယ်..
* * အခုတော့ချစ်သူရယ်..
* * စွန့်မသွားဖို့အကြိမ်ကြိမ်
* * မင်းပြောခဲ့ပြီးမှ
* * နှုတ်မဆက်ရုတ်တရက်
* * ငါ့ဘ၀ထဲကမင်းထွက်သွားတော့
* * ငါဝိုးတ၀ါးလမ်းတွေမှာ
* * စမ်းတ၀ါးဝါးလျှောက်ရင်းနဲ့
* * အချစ်ပျောက်လို့ရှာဖွေဆဲ
* * မျှော်လင့်ချက်မရှိသောလမ်းမှာ
* * အိပ်မက်တွေဝေပြီး
* * နာမကျဉ်းနိုင်သောငါ့စိတ်မှာ
* * ယနေ့ထိတိုင်မင်းကို
* * စောင့်မျှော်နေဆဲပါချစ်သူ

1 comment:

MOEKO KO said...

Ta khar ka chit thu ko sar nar mi tal.khan sar chet chin tu nay lo par...thu lal minn lo bal nay mar ....?sat yey naw..htar wa ya..arr pay nay mal...